If you eat
သူ့ဆန်စားသော်
မွေးမြေရပ်ခွာ ပြည်ခြားသို့ရောက်
ဝမ်းစာမလွယ် ရုန်းကန်လှုပ်ရှား
တစ်ကိုယ်သမား ဘဝရပ်တည်
သူ့ပြည်သူ့ရွာ သူ့နေရာမို့
သူ့ဆန်စားသော် ရဲလေမှ။
ဒေသမတူ စရိုက်ကွာလိမ့်
စာပေသင်ယူ နေ့ညမလပ်
ဆက်သွယ်ပေါင်းသင်း မိတ်ဆွေတိုးလည်း
သူ့ပြည်သူ့ရွာ သူ့နေရာမို့
သူ့ဆန်စားသော် ရဲလေမှ။
နှစ်ပေါင်းရယ်ကြာ ခွဲခွာလာခဲ့
မိဘဆွေမျိုး အောက်မေ့မပြတ်
ပျော်ရာမနေ တော်ရာနေကာ
သူ့ပြည်သူ့ရွာ သူ့နေရာမို့
သူ့ဆန်စားသော် ရဲလေမှ။