Wednesday, January 10, 2007

Working in Singapore




oosoo wrote:
စင်ကာပူနိုင်ငံ အကြောင်း သိပါရစေ။
အခွင့်အရေးပေးမယ်ဆိုရင် စင်ကာပူ သွားပြီး အလုပ်လုပ်ချင်ပါတယ်။
ကွန်ပျူတာ လိုင်းကို လုပ်နေတဲ့ သူတွေ စင်ကာပူရောက်သွားရင် အလုပ်အကိုင် အဆင်ပြေနိုင်ပါသလား။
စင်ကာပူကို ရောက်နေတဲ့ အစ်ကို အစ်မများ ၀င်ရေးကြပါခင်ဗျာ။
တစ်ခြား ပြည်တွင်းပြည်ပက သူငယ်ချင်းများလဲ ၀င်ရေး ၀င်မေးကြပါ။
ကျေးဇူးပါ။

စင်ကာပူဒေါ်လာက တစ်နေ့တစ်ခြား တန်ဖိုးကြီး (တန်ဖိုးမြင့်) လာပါတယ်။
http://finance.yahoo.com/currency
မှာ တွက်ကြည့်နိုင်ပါတယ်။
အဲဒီတော့ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတို့ အစ်မတို့ အတွက်ကတော့
ရေမြင့်ကြာတင့် ဆိုသလို.............

incubuz wrote:
သားသား..ကွန်ပြူတာ ဘာလိုင်း ကို စိတ်ဝင်စားတာလဲကွ..။
စာစီစာရိုက်လား..ဘာလားပေါ့ကွာ.. ..။
ကိုဆိုးပေ(mdy) တစ်ယောက်ပဲ ကောင်းကောင်းပြောပြတာကွ..။
ခု..သူဘယ်ရောက်နေပြီလဲ သိတော့ဘူး..။
ဦးဦး ဟိုရောက်ရင်ပြောပြမယ်နော်..။

kaunglay3 wrote:
Information Technology ကိုပြောချင်တာလားအကို...
အဲဒါဆိုရင်တော့အလုပ်မရှားလှပါဘူး
မနေ့ ကတောင်သတင်းစာထဲမှာ အလုပ်၃ခုတွေ့ လိုက်တေးတယ်
Singapore Perment Residence ကိုရအောင်သာလျောက်....အလုပ်အရလွယ်တယ်
သားသမီးရှိပိုလို့ တောင်လွယ်သေး Singapore Perment Residence ရတာကိုကျောပါတယ်

baby pyg wrote:
မထင်င်င်င်င်င်င်းးးးးးးးးးး ( ပဲ့တင်ရိုက်တွားတောအတံ )

oosoo wrote:
သားသားက network field လုပ်ချင်ပါတယ်ခင်ဗျာ။
အတွေ့အကြုံက ကြီးကြီးမားမားရယ်လို့ မရှိပေမယ့်.....
သားသားရဲ့ ဆရာဆီမှာ ပညာသင် အလုပ်သင် အဖြစ် တစ်နှစ်ခွဲလောက်
အတွေ့အကြုံလေးရှိပါတယ်။
သားသား ဆီမှာတော့ သူများတွေလို MCSE, CCNA, Network plus, Linux Admin စတဲ့
ပညာရှင် လက်မှတ်မရှိပါခင်ဗျာ။

ကိုကြီးစိုး တစ်ယောက်တော့ ဘယ်ရောက်နေလဲဆိုတာ သားသားလဲ မသိပါ။
ဟင်း....ပုလင်းနက်ကြီးက မှောက်သွားတာကိုးဗျ။
Singapore Perment Residence Visa ကို ဘယ်လိုလျှောက်ရတာလဲဟင်။
အဲဒါမရှိဘဲ....စင်ကာပူကို အလည်ဗီဇာနဲ့ လာတဲ့ သူတွေ အလုပ်ဝင်လို့ မရဘူးလား။
အလုပ်ရှင် သို့မဟုတ် company က အာမခံပြီး အလုပ်လုပ်ခွင့် လျှောက်ပေးတဲ့ အစဉ်အလာရှိပါသလား။
ဖြေပေးပါနော်......ကျေးဇူးပါနော်။

Incubuz wrote:
သားသားရေ..ဟုတ်ပီကွ မေးထား..။
ဦးဦး လည်းနောက်တော့မေးမယ်..။
သားသားရေ certificate လေးတစ်ခုလောက်တော့ဖြေထားလိုက်ပါကွာ..နော်..။

chitthulay_23 wrote:
အစားသောက်အနေအထိုင်ဈေးကြီးတယ်ဆို ... အပြင်မှာဝယ်စားဖို့ မလွယ်ဝူးဆို ......ဒီမှာ Mac.Dတခါစားရင် 7RMကျတယ် ...၁ဒေါ်လာကို ၃.၇၅ RM ဆိုတော့သိပ်မဆိုးဘူးပေါ့ .... SG မှာဘယ်လိုနေလဲဟင် ..

ChiHaiYan wrote:
ဒါပေမယ့် မမအနေနဲ့ တကယ် မလွယ်သေးဘူး
အော်ငိုချင်လာပြီ ဟင့်ဟင့်
ယိမ်းနွဲ့ပါး

Full Moon wrote:
If you want to go singapore you do first your habbit that is very impotent .Than neet to education is hight.
This country in many jobs but all are higest degree & technology.

Chityinhtooo wrote:
SG မှာ Computer IT သမားတွေ လစာကောင်းတယ်လို့ကြားတယ်ဗျ ၊ စားပြီးသောက်ပြီးနဲ့ဆို ၁ လကို ၈ သိန်းလောက်ကျန်တယ်ဗျ

oosoo wrote:
singapore မှာ ဘာစကားပြောကြလဲဟင်.....
အင်္ဂလိပ်လိုလား....အင်ဂမလိပ် တလိပ်လား...စင်ကာလိပ်လား....အဲ...အဲ...မှားကုန်ပြီ။
တရုတ်လိုရော ပြောကြလား။
စာစကား ခေါ် မန်ဒရင်းလား.....လက်တိုစကား ခေါ် ကွမ်တုန်းလား....အင်္ကျီရှည်စကား ခေါ် ဟော့ကန့် ခေါ် ဖူကျန့် စကားလား။
ရုံးသုံး standard အနေနဲ့ ဘယ်ဘာသာကို သုံးပါသလဲ။
ကျွန်ပျူတာတွေမှာတော့ US standard သုံးတယ်လို့ ကိုကြီးစိုး (ကို ဆိုးပေ) က ပြောဖူးပါတယ်။
ကျေးဇူးပါ။
တစ်ခြား ကိုကို မမ တို့လဲ ၀င်ရေးကြပါနော်။
မှ
ချစ်ရသော
သားသား

i_lat_phyu wrote:
ကျွန်တော် စင်္ကာပူမှာ အလုပ်လုပ်နေတာ ၂ နှစ်မပြည့်တပြည့်ရှိမယ်ဗျာ
သားသား စင်္ကာပူမှာလာလုပ်ခြင်ရင်တော့ သူတို့တောင်တဲ့စာတီးဖီးကိတ်တွေရှိမှဖြစ်မှာဗျ.
ဗမာနိုင်ငံက ကွန်ပြူတာနဲ့ပြီးထားတာစိုရင် ဒီမှာ မာစတာလာတက်ပြီးမှ အလုပ်ရှာတာပိုအဆင်ပြေလိမ့်မယ်
ဘာလို့လဲမသိဘူး ဒီမှာ မာဆတာလာတက်တဲ့လူတွေ အတော်အဆင်ပြေတယ်ဗျ...
ဗမာနိုင်ငံမှာတော့ စာမေးပွဲအမှတ် ယေဘူယျ အာဖြင့် က (သိုမပာုတ်) ခ အဆင့်လောက်နဲ့အောင်ထားရင်
ဗြိတိန်က စစ်တဲ့ အိုင်အီးအယ်လ်တီအစ် တို မေရိကန်ကစစ်တဲ့ တိုဖယ်လ်တို့ဖြေပြီး ဒီမှာ မာစတာကို ၁ နှစ်လောက်တော့ အောင့်အီးတက်လိုက်ပေါ့ဗျာ တလ ၂၅၀၀ လောက်ကတော့ တိမ်တိမ်ပဲ....လာတော့လာပေါ့ဗျာ သို့သော် ပြီးရင် ပျင်စရာကြီးဗျ အားတဲ့ရက်စို ဘယ်သွားလို့ ဘာလုပ်ရမယ်မသိဘူး...
ကျွန်တော်က တော့် အားလုံးသိပြီးသားလမ်ဖြစ်တဲ့ ပေါလီ ဒီပလိုမာလေးနဲ့ အလုပ်လုပ်နေသူတယောက်ပါ
လေးစားစွာဖြင့်
အိုင်လက်ဖြူ

oosoo wrote:
ကျေးဇူးပါ အိုင်လက်ဖြူရေ......
သားသားရဲ့ same batch သူငယ်ချင်းတစ်ယောက်က MCSE ရပြီးသွားပါပြီ။
အခု သူက ပြည်တွင်း company တစ်ခုမှာ အလုပ်တွေ့အကြုံ ယူနေပါတယ်။
အဲဒီမှာ နှစ်နှစ်လောက် အတွေ့အကြုံရပြီးရင် စင်ကာပူထွက်မယ်လို့ ပြောပါတယ်။
သူအနေနဲ့ အလုပ်အကိုင် အဆင်ပြေနိုင်မှာလား။
လခရော ဘယ်လောက်ရနိုင်ပါသလဲ ခင်ဗျာ။
ကျေးဇူးပါ။
အမေးအမြန်းထူလိုနဲ့ တူပါရဲ့.....
စင်ကာပူက ကိုကိုမမတွေ သားသားကို တယ်ချစ်ကြပါလား..... အရပ်ကတို့ .......။
လွန်တာရှိ.....တောင်းပန်ပါရဲ့။
မှ
အမေးအမြန်းထူသော
အမြင်ကတ်ဖို့ကောင်းသော
သားသား

color_blind wrote:
PR ရဖို့က ဒီမှာကျောင်းတက်ရင်တက်...အလုပ်လုပ်ရင်လုပ်မှရမယ်....
ကျောင်းတက်ရင် (အစိုးရကျောင်း eg. poly, NTU, NUS) အချိန်တန်လို့ ကျောင်းပြီးတာနဲ့ PR တန်းကနဲပဲ....
အလုပ်လုပ်ရင်တော့ စောင့်ရမယ်....
visit visa နဲ့လာပြီးအလုပ်လာရှာတဲ့လူတွေလဲ အလုပ်ရကြပါတယ်...
သူတို့က welcome....
reason for visit ဆိုတဲ့နေရာမှာ seeking for job ဆိုပြီး အကြောင်းပြလို့်ရတယ်...
ဒါပေမယ့် ကိုယ့်ကို sponsor လုပ်ပေးမယ့် PR တယောက်တော့လိုပါတယ်...
sponsor စာရတာနဲ့ visa တင်ပြီးလာခဲ့ရုံပဲ...
ရောက်မှ အလုပ်ရှာ..ရရင် လခပေါ်မူတည်ပြီး EP, S pass လျှောက်ရုံပဲ....
ကျတာနဲ့ လုပ်ရုံပဲပေါ့...
အလုပ်ရှင် သို့မဟုတ် company က အာမခံပြီး အလုပ်လုပ်ခွင့် လျှောက်ပေးတဲ့ အစဉ်အလာရှိပါသလားဆိုတာကတော့ agent တွေ အပိုင်းဖြစ်သွားပြီထင်တယ်....

baby pyg wrote:
ဒီမှာတော့ broken တွေပဲ စော်နေကြတာပဲဗျ ။ဟီး
အလုပ်တို့ ကျောင်းတို့မှာတော့ singlish ကို သုံးပါတယ်...။
ရိုးရိုးရှင်းရှင်း နားလည်လွယ်တဲ့ english ပေါ့။ နိုင်ငံအမျိုးမျိုးက ဆိုတော့ အသုံးအနှုန်းတွေ
လေသံတွေကတော့ တမျိုးစီပါ ။ နေတာကြာရင်တာ့ language က ရပါတယ်...။

oosoo wrote:
မကြီးကာလာရေ.....
ကျေးဇူးတင်ပါတယ်ဗျာ။
အရင်တုန်းက ကိုကြီးစိုး (ကိုဆိုးပေ) က သားသား တင်တဲ့ forum တစ်ခုမှာ သေသေချာချာရှင်းပြဖူးပါတယ်။
ပုလင်းနက်ကြီးမှောက်သွားတော့ ပျက်သွားတယ်ဗျာ။
နှမြောစရာကြီး......
သားသား တစ်ယောက်ထဲ ကောင်းစားဖို့ မဟုတ်ပါ။
အားလုံးအတွက် ပြောတာပါ။
ကျေးဇူး။

white cloud wrote:
လူငယ်တိုင်းက စင်ကာပူကို သွားချင်ကြတယ်နော်၊
သူများနိုင်ငံမှာ သွားခြေချချင်ရင်တော့ ကိုယ်ဘက်က Subject တစ်ခုခုမှာ Professional ဖြစ်ဖို့လိုတယ်၊
ဒါမှ အလုပ်လုပ်ဖို့ အဆင်ပြေမှာအရမ်းလဲ ပင်ပန်းတယ်။ အားလုံးက စက်ရုပ်တွေလို အလုပ်လုပ်ရတယ်။
စိတ်ပင်ပန်းလဲ ခံနိုင်မှဖြစ်မှာ။ ကိုယ်တစ်ကယ်သွားချင်ရင်တော့ English လဲကောင်းအောင်လုပ်ထားပါအုံး။
စင်ကာပုမှာက လူတိုင်း Language ၂ မျိုးပြောတက်တယ် English & Chinese
အားလုံးကလဲ Myanmar မှာထက်ဈေးကြီးတယ်။
သတိ ရှိရင် ကိုယ်ဘက်ကလဲ Professional တစ်ခုကိုကို ကောင်းကောင်းရရင်..
Visit Visa နဲ့လာပြီး အလုပ်ရှာလို့ရတယ်...အလုပ်ရရင် အလုပ်ရှင်က S-pass လျှောက်ပေးလိင်္မ့မယ်...ဒါဆိုရင် Ok ပြီ။
I သိသလောက်တော့ စင်ကာပူမှာ Work Permit , S-pass, PR ရှိတယ်။
WP - General Worker လခအရမ်းနည်းတယ်...အနိင်္မ့ဆုံးပဲ...အချို့အထင်သေးတယ်။
S-pass- Professional Worker လခကောင်းတယ်...အလုပ်ရှင်လျှောက်ပေးမှရတယ်။
PR-.....ရဖို့ခက်တယ်..နိုင်ငံသားလောက်အခွင့်အရေးရှိတယ်...ဆွေမျိုးတွေခေါ်လို့ရတယ်..ကျန်တာတော့သိပ်မသိဘူး။

oosoo wrote:
ကျေးဇူးပါ မမ မိုးတိမ်ဖြူ ရေ ....
လက်ရှိ စင်ကာပူ ရောက်နေတဲ့ တခြား အကို အမ တို့လဲ.....
သားသားတို့ကို အနေအထားလေး သိရအောင်
ဝင်ရေးကြပါလို့။

Crazy_172 wrote:
ဒါ...ကျနော် ရေးတာ မဟုတ်ဘူးနော်... သားသား သိချင်တယ်ဆိုလို့ ...တခြားတစ်နေရာကနေ ကူးရေးပေးတာ...
ဒီဆောင်းပါးက စည်သူ(သံလွင်) ရေးထားတာ....

စင်္ကာပူမှာ ဘာအလုပ်တွေရှိလဲ
စင်္ကာပူမှာ ဘယ်လိုအလုပ်လုပ်မယ်ဆိုတာကို မရေးခင် စင်္ကာပူမှာဘာအလုပ်တွေရှိပြီး ဘယ်နိုင်ငံသားတွေကို အဓိကခန့် လဲဆိုတာကို ပြောပြချင်ပါတယ်။ Management Level, Government Services, Banking အလုပ်တွေကို အဓိကအားဖြင့် စင်္ကာပူနိုင်ငံသားတွေ ကလုပ်ကိုင်ပြီး Engineering, IT ပိုင်းကို စင်္ကာပူနိုင်ငံက ကျောင်းပြီးထားတဲ့ Singaporean, PR(Permanent Residence) နဲ့  Philippine, India စတဲ့နိုင်ငံများမှ လူအများစုလုပ်ကိုင်လျက်ရှိပါတယ်။ General Workers အများစုကတော့ မလေး၊ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေ ဖြစ်ပါတယ်။

ဘယ်လိုအလုပ်ရှာမလဲ
စင်္ကာပူမှာ ဘာအလုပ်တွေရှိလဲဆိုတာကို jobscentral.com.sg, jobs.com.sg, jobstreet.com.sg, monster.com.sg, jobdb.com.sg စတဲ့ Website တွေမှာ တွေ့ နိုင်ပါတယ်။ အဲဒီ Website တွေမှာပဲ တစ်ခါတည်းအလုပ်လျှောက်လျှောက်၊ Resume ကို Email ပို့ လိုက်တာပဲဖြစ်ဖြစ် အဆင်ပြေသလို အလုပ်လျှောက်နိုင်ပါတယ်။ ဒါပေမယ့် တခြားနိုင်ငံသားတွေအဖို့ တော့ Singaporean/PR Only ဆိုတဲ့ အလုပ်များကို ရရှိဖို့ မလွယ်ပါဘူး။ အဲဒါကြောင့်မြန်မာနိုင်ငံကနေပဲ အလုပ်လှမ်းရှာရှာ၊ စင်္ကာပူကို Social Visit နဲ့ ပဲလာပြီး အလုပ်ရှာရှာ ကိုယ်ဟာဘယ်နိုင်ငံသားပါဆိုတာကို Resume ထဲမှာ ထည့်ရေးထားသင့်ပါတယ်။ ဘာလို့ လဲ ဆိုတော့ တချို့ Company တွေက အလုပ်အင်တာဗျူးခေါ်ပြီးမှ သူတို့ နိုင်ငံသားမဟုတ်မှန်းသိသွားလို့  ပြန်ပြီးလွှတ်လိုက်တာမျိုးတွေ ရှိပါတယ်။ စင်္ကာပူမှာ Social Visit နဲ့ အလုပ်ရှာချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကတည်းက Seeking Employment Pass (6 months) ကိုကြိုးစားပြီး လျှောက်ကြည့်ခဲ့ပါလို့  အကြံပေးချင်ပါတယ်။ Social Visit Pass က ပုံမှန်အားဖြင့် စင်္ကာပူရောက်ရောက်ချင်း Immigration Officer ပေါ်မှာမူတည်ပြီး (၂)ပတ်ကနေ (၁)လ အတွင်းရနိုင်ပါတယ်။ ပြီးတော့ Visa ကုန်သွားရင် တစ်ခါ၊ နှစ်ခါထက်ပိုပြီး သက်တမ်းတိုးဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရန်ကုန်မှာရှိတဲ့ စင်္ကာပူသံရုံးကနေ Seeking Employment Pass ရခဲ့တယ်ဆိုရင် ခြောက်လတစ်ခါတည်း နေခွင့်ရှိပါမယ်။ စင်္ကာပူရောက်ပြီးရင်လည်း အလုပ်ကို Website တွေကနေတဆင့်၎င်း၊ Strait Time
သတင်းစာမှာပါတဲ့ အလုပ်ကြော်ငြာတွေကလည်းကောင်း၊ သူငယ်ချင်းအပေါင်းအသင်းများရဲ့ Company များမှာ၎င်း နည်းအမျိုးမျိုးနဲ့ ရှာနိုင်ပါတယ်။ ဘွဲ့ ရ၊ လုပ်သက် (၄၊ ၅) နှစ်ရှိပြီး ကံမကောင်းလို့  အလုပ်မရပဲ ပြန်သွားရတဲ့သူတွေရှိသလို ကျောင်းပြီးပြီးချင်း အလုပ်လာရှာလို့  ရသွားတဲ့ သူတွေလည်းရှိပါတယ်။

(ဆက်ရန်)

အလုပ်လုပ်ခွင့် Pass တွေအကြောင်း
အဓိကအားဖြင့် Employment Pass(EP), Special Pass(S Pass) နဲ့  Work Permit(WP) ရယ်လို့  (၃)မျိုးရှိပါတယ်။ EP လျှောက်ထားဖို့ အတွက် အနည်းဆုံးလစာ S$2500 ရှိရမှာဖြစ်ပြီး အနည်းဆုံးဘွဲ့ ၊ အရည်အချင်း တစ်ခုခုနဲ့ ပြည့်စုံတဲ့သူ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံကနေ Civil, EP, EC, Mechanical, IT, Bcom တစ်ခုခုနဲ့ ဘွဲ့ ရလာခဲ့ပြီး လုပ်သက်(၅)နှစ်ဝန်းကျင်ရှိထားတဲ့ လူတစ်ယောက် ဆိုရင်တော့ EP ရဖို့ ရှိပါတယ်။ EP မှာ Entre Pass ဆိုတာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူ တွေ အတွက်ဖြစ်ပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် foreign entrepreneur တွေအတွက်ပါ။ ပုံမှန်လုပ်ငန်း အသေးစားလေးတွေ ဖြစ်တဲ့ ကော်ဖီဆိုင်၊ ထမင်းဆိုင်၊ အနှိပ်ခန်း၊ KTV နဲ့ ကျူရှင်လုပ်ငန်းတွေအတွက် အကျုံးမ၀င်ပါဘူး။ အဓိကလိုအပ်တာကတော့ Business Plan ကောင်းကောင်းရယ် Sponsor လုပ်ပေးနိုင်မယ့် Singapore based Company တစ်ခုလိုအပ်ပါတယ်။

S Pass ကတော့ ပုံမှန်ဘွဲ့ (သို့ ) ဒီပလိုမာတစ်ခုခုရပြီး လုပ်သက်နည်းနည်းပဲရှိသေးတဲ့ သူတွေအတွက်ပါ။ အနည်းဆုံး လစာကတော့  S$1800 ရှိရမှာဖြစ်ပါတယ်။ S Pass အတွက် ချွင်းချက်ရှိတာတစ်ခုက Company တစ်ခုမှာရှိတဲ့ အလုပ်သမားဦးရေရဲ့  (01/10/2006) မှစကာ (၁၀)ရာခိုင်နှုံးပဲ အလုပ်လုပ်ခွင့်ရှိပါတယ်။ ဥပမာ။ ။ Company တစ်ခုမှာ အလုပ်သမား (၁၀၀)ဦးရှိရင် S Pass Holder ဆယ်ဦးထက် ပိုထားလို့ မရပါဘူး။ WP ကတော့ အခြေခံအလုပ်သမားတွေ အတွက်ဖြစ်ပြီး များသောအားဖြင့် Job Agent များထံမှ တစ်ဆင့် လာကြပါတယ်။ ဒီထက်ကို အချက်အလက် စုံစုံလင်လင်သိချင်တယ်ဆိုရင်တော့ စင်္ကာပူနိုင်ငံရဲ့  အလုပ်သမားဝန်ကြီးဌာန www.mom.gov.sg မှာ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။

စင်္ကာပူမှာ အလုပ်တစ်ကယ်ပေါသလား
(ဆက်ရန်)

oosoo wrote:
အခုတစ်လော သားသား မအားလို့ ဒီဘက်ကို ၀င်မရေးဖြစ်တာခွင့်လွှတ်ပါခင်ဗျာ။
သားသားလဲ ဖတ်ရ အားလုံးလဲ ဖတ်ရအောင် တင်ပေးသော ကိုကြီး Crazy_172 ကိုလဲ.....
ကျေးဇူးအများကြီးတင်ပါတယ်။
ခင်လဲခင်တယ် အားလဲနာတယ်.....
ဆက်တင်ပါဦးလို့။

Crazy_172 wrote:
ဆောရီးပါ... သားသားဝင်မဖတ်တော့ဘူးထင်လို့ ဆက်မရေးတော့တာ... အခုကျန်တဲ့အပိုင်းကို ရေးပေးလိုက်ပါပြီ...

စင်္ကာပူမှာ အလုပ်တကယ်ပေါသလား
စင်္ကာပူမှာ ပုံမှန်အလုပ်တွေကတော့ရှိတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အလုပ်ကတော့ တစ်ခါတစ်ခါ ရှာရခက်တတ်ပါတယ်။ စင်္ကာပူမှာ သူတို့ နိုင်ငံသားတစ်ယောက်ရဲ့ ပုံမှန်လစာက (၁၅၀၀)လောက်ဖြစ်ပေမယ့် နိုင်ငံခြားသား Professional တစ်ယောက်ကို အနည်းဆုံး (၁၈၀၀)လောက်ပေးရမှာ ဖြစ်လို့ Company တော်တော်များများက နိုင်ငံခြားသားကို မလိုချင်ကြပါဘူး။ ဒါပေမယ့် တချို့ ကျတော့လည်း လစာကို (၁၃၀၀၊ ၁၄၀၀) လောက်ပဲပေးပြီး အစိုးရဆီမှာ အလုပ်လုပ်ကိုင်ခွင့် Pass လျှောက်တဲ့အခါ (၁၈၀၀)ပေးတယ်၊ (၂၅၀၀) ပေးတယ်ဆိုပြီး လျှောက်ကြပါတယ်။ ဒါကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ နားလည်မှုယူတာပါ။

(မှတ်ချက်။ ။အရင်က ကျနော်နဲ့ တစ်ခန်းတည်း နေခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်လည်း ဒီလိုပါပဲ... သူက ရန်ကုန်က B.E (electrical) နဲ့ ကျောင်းပီးခဲ့တာပါ.. သူတကယ်ရတဲ့လစာက (၁၅၀၀)ပါ.. ဒါပေမယ့် သူဌေးက သူ့ ကို (၂၀၀၀)ပေးတယ် ဆိုပီး အစိုးရကို တင်ပေးထားပါတယ်... အဲဒါ ဘာတစ်ခုကောင်းသလဲဆိုတော့ သူ့ ဇနီး၊ ခလေးနဲ့ မိဘတွေကိုပါ စင်္ကာပူမှာ သူနဲ့ အတူနေထိုင်ခွင့်ရစေပါတယ်။)

စင်္ကာပူမှာ အလုပ်လာရှာရင် ပထမအလုပ်ရဖို့ ကို အသည်းအသန်ကြိုးစားရပါတယ်။ အလုပ်ရပြီးတဲ့နောက်မှာ တဖန် EP, S Pass, WP စတဲ့ အလုပ်လုပ်ကိုင်ခွင့်တွေရဖို့ အတွက် ဆုတောင်းရပါတယ်။ စင်္ကာပူမှာ (၂)လခွဲလောက်အလုပ်ရှာပြီး နောက်ဆုံးအလုပ်တစ်ခုရတော့လည်း S Pass မကျလို့ ၊ EP မရလို့ ဆိုပြီး ပြန်သွားရတဲ့လူတွေလည်း အများကြီးရှိပါတယ်။ အကောင်းဆုံးအကြံပေးလိုတာကတော့ ကိုယ့်ရဲ့ Field မှာ ကိုယ်တကယ်ကျွမ်းကျွမ်းကျင်ကျင်ရှိရပါမယ်။ အဲဒီ Field နဲ့  သက်ဆိုင်တဲ့ ဘွဲ့ ၊ ဒီဂရီတစ်ခုခုရှိပြီး သက်ဆိုင်တဲ့လုပ်ငန်းအတွေ့ အကြုံ (အနည်းဆုံး (၂)နှစ်မှ (၃)နှစ်)လည်းရှိရပါမယ်။ ပြီးတော့ စင်္ကာပူနိုင်ငံဟာ တရုတ်တွေကြီးစိုးတဲ့နိုင်ငံ၊ တရုတ် Company တွေများတဲ့နိုင်ငံဖြစ်လို့  တရုတ်စကားလည်း တတ်ထားသင့်ပါတယ်။ နောက်တစ်ချက်ကတော့ ပိုပိုလိုလို ယာဉ်မောင်းလိုင်စင် လုပ်ထားပြီး ကိုယ့်ရဲ့  Resume ထဲမှာပါ ထည့်ရေးသင့်ပါတယ်။ အဲဒီအချက်တွေလည်း ပြည့်စုံမယ်၊ ဇွဲ၊ လုံ့ လ၊ ၀ီရိယနဲ့ ကံလည်းကောင်းမယ်ဆိုရင်တော့ စင်္ကာပူမှာ သေချာပေါက်အလုပ်လုပ်ကိုင်နေထိုင်ခွင့် ရရှိကြမှာပါလို့ ပြောချင်ပါတယ်။

(ယခင်က EP တွင် Q1,Q2 ဆိုပြီး (၂)မျိုးရှိပါတယ်.. Q1 က လခ (၂၅၀၀)နှင့် အထက်ပါ.. Q2 က (၁၈၀၀)နှင့် အထက်ပါ...
S Pass ဆိုတာ EP Q2 ကို ပြောင်းထားတာပါ... စင်္ကာပူအကြောင်း အကျယ်သိချင်ရင် ဒီ website မှာ လေ့ လာနိုင်ပါတယ်.. http://www.contactsingapore.org.sg )

oosoo wrote:
အခုလို သေသေချာချာရှင်းပြသော ကို Crazy_172 အားလည်းကောင်း
ဝင်ရောက်အကြံပြုရေးသားကြသော........
ဦးဦး incubuz၊
ကို kaunglay3၊
ကို baby pyg၊
မမ chitthulay_23၊
မကြီး ChiHaiYan၊
မကြီး Full Moon၊
ကို chityinhtooo
ကို i_lat_phyu
မကြီး color_blind၊
မမ white cloud၊
တို့ကို လည်း ကျေးဇူးများစွာတင်ပါကြောင်း။

ဝင်ရောက်ကြည့်ရှု ကြသော
သားသားမီးမီး ကိုကိုမမ ဦးဦးဒေါ်ဒေါ် တို့ကိုလည်း ကျေးဇူးများစွာတင်ပါကြောင်း။

မှ
ချစ်ရသော
သားသား

No comments:

Thanks!!!

Blog Archive