Friday, March 16, 2007

Job Experience


အလုပ်က ရပြန်တော့လဲ အဆင်ပြေလှတယ်မဟုတ်ဘူး။
ကျွန်တော် ရန်ကုန်မှာတုန်းက သူငယ်ချင်းတွေနဲ့ ခဏခဏဆိုသလို
လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ပါတယ်။ အလုပ်သမားကောင်လေးတွေကို ဆိုင်ရှင် (မန်နေဂျာ)က
ဆူပူကြိမ်းမောင်းသံ တွေကို ကြားဖူးပါတယ်။ အလုပ်သမားတွေက များတော့ တစ်ယောက်
တစ်လှည့်ဆိုသလိုပေါ့။
အခုဟာက ကျွန်တော်အလုပ်မှာဆို အလုပ်သမားက နှစ်ယောက်ထဲ။
ပထမတစ်ယောက်က လုပ်တတ်ကိုင်တတ်အတွေ့အကြုံရှိတဲ့အမျိုးသမီးတစ်ဦးပေါ့။
နောက်တစ်ယောက်က အဲဒီလို စားသောက်ဆိုင်တွေမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ကျွန်တော်။
အဲဒီတော့ မြားဦးခေါင်းက ကျွန်တော်ဆီ ချိန်ထားသလိုပေါ့ဗျာ။

နောက်ပြီး ဆိုင်ရှင်(ဦးလေး)က ကဂျီကချောင်များတယ်။ စိတ်သိပ်မရှည်ဘူး။
ကျွန်တော်ဘာလုပ်လုပ် သူ့အလိုမကျတာတွေချည်းပဲဗျ။
ဘာပဲလုပ်ပေးပေး အဆူခံ အပြောခံရတာတွေချည်းပဲ။
ကျွန်တော်က မလုပ်တတ် မကိုင်တတ်တာက အမှန်ပဲ။
ဒါပေမယ့် မလုပ်ပေးချင်တာ...အချောင်ခိုတာမျိုး မဟုတ်ဘူး။
လခကလဲ ကျွန်တော့် မုန့်ဖိုး စရိတ်လောက် ဆိုင်ရှင်(အဒေါ်) ပေးသလောက်ပဲ ယူမှာပါ။
စိတ်ညစ်ပါရဲ့ဗျာ။
မတတ်နိုင်ဘူးလေ လက်ရှိက Resident Visa မှ မရသေးတာ။
ရလို့ကတော့....။

No comments:

Thanks!!!

Blog Archive