I lost my umbrella
ထီးပျောက်သွားသော သားသား
ဒီနေ့ ၆-၄-၂၀၀၇ ကတော့ အမှတ်တရပေါ့ဗျာ။
ပုံမှန်အတိုင်း စာကြည့်တိုက်သွားတယ်လေ။ မိုးရွာတော့ ထီးစိုတာပေါ့။
ဒါကြောင့် အ၀င်ပေါက်ဝက ထီးထားတဲ့နေရာမှာပဲ ထုံးစံအတိုင်းထားခဲ့တာ။
နေ့လည် ထမင်းစားဖို့ အပြင်လဲထွက်ရော....
ဟိုက်ရှားပါး......
မရှိတော့ပါလားဗျ။
ဘယ်သူများ လွယ်လင့်တကူရှိလို့ မသွားလဲမသိ။
ရဲတိုင်လို့ ရတယ်။
မြေညီထပ်အတွင်းက ကောင်တာမှာ ရဲ ရှိတယ်လေ။
ဒါပေမယ့် ဒီလို အသေးအဖွဲ ကိစ္စမျိုးကို အရေးတယူ လုပ်မှာမဟုတ်။
သားသားရေ.... မင်းဘာဖြစ်လို့ ဒီ ထီးကို နှမြောနေရတာလဲ။
သားသားပြောမယ်...
ဒီထီးက ရာဇ၀င်နဲ့ဗျ။
ရန်ကုန်မှာထဲက ကိုင်တာ။
နောက်တော့ သားသား ဗန်ကောက်သွားတော့
mother က ထည့်ပေးလိုက်တယ်။
ရန်ကုန်ပြန်ရောက်တဲ့အခါ လဲ ဒီထီးကိုင်တယ်လေ။
နောက် ထိုင်ဝမ်သွားတဲ့အခါမှာလဲ
ဒီထီးက သားသားနဲ့ အတူတူပဲ။
ဗီဇာသက်တမ်းပြည့်လို့ မကာအို အထွက်ပြတုန်းကလဲ
ဒီထီးနဲ့ သားသားပဲဗျ။
နောက် ထိုင်ဝမ်ပြန်ဝင်လာတော့လဲ ဒီထီးလေးနဲ့ပဲ။
အခုတော့လား......
သွားပါရော့လား.....အရပ်ကတို့။
သားသားထီးပျောက်သွားပြီ အမေရေ။
စားကြွင်း။ ။ ထီးပျောက်သော ကြောင့် ထီပေါက်မည် ဟု
နိမိတ်ဖတ်ပြီး သားသား ထီထိုးလိုက်ပါသည်။
သို့သော်လည်း ထိုအကြိမ်က ထိုးသောထီ မပေါက်ခဲ့ပါကြောင်း။
No comments:
Post a Comment