Monday, January 21, 2008

how to make your blog?


သူငယ်ချင်းတွေအတော်များများက ဘလော့ခ် ဘယ်လိုလုပ်ရသလဲ မေးကြမြန်းကြပါတယ်။
တစ်ချို့လဲ လုပ်တာ အဆင်ပြေသွားကြပါတယ်။ တစ်ချို့လဲ ကြိုးစားတုန်းပဲ။
ဒါဖြင့် ကျွန်တော်ကရော ဘယ်လိုလုပ်တတ်သွားပါသလဲ။
ဟုတ်ပါတယ်။
အစက ကိုမောင်လှ ဘလော့ခ်ကို အရင်ဝင်လေ့လာပါတယ်။
သူက ကျွန်တော့်ရဲ့ ဘလော့ပိုင်းဆိုင်ရာ လက်ဦးဆရာ ပေါ့။
ကိုမောင်လှက မြန်မာစာနဲ့ ဘလော့ခ်
ဘယ်လိုလုပ်ရသလဲ ဆိုတာရှင်းပြထားပါတယ်။
ဒါပေမယ့် တစ်ချို့နေရာတွေမှာ ကျွန်တော် သိပ်နားမလည်ပါ။
ဒါနဲ့ ပလန်းနက်ဖိုရမ် က သူငယ်ချင်း SaturnGod ကို မသိတာတွေ မေးပါတယ်။
သူရဲ့ ကူညီပေးတာတွေကြောင့် ကျွန်တော်လုပ်တတ်သွားတာပါ။
သူက ကျွန်တော့်ရဲ့ ဘလော့ခ်ပိုင်းဆိုင်ရာ
ကိုယ်ဖိ ရင်ဖိ ဆရာလို့ပဲ ပြောရမှာပါ။
သူရဲ့ Making Blog e-book မှာ ပါတဲ့ ဘလော့ခ်ဂါ စာရင်းမှာ
ကျွန်တော့်နာမည်ကို ထိပ်ဆုံးမှာ ထားပေး ထားပါတယ်။
အဲဒီအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူလို့ကို မဆုံးနိုင်ပါ။
အဲဒီ e-book ကို
http://www.mediafire.com/?7i2vuumyvvz မှာ ရယူပါ။

တစ်ခုရှိတာက ကျွန်တော်တို့က eot file တွေနဲ့ ဘလော့ခ်လုပ်ထားတော့
ကျွန်တော်တို့ ဘလော့ခ်ကို ဖွင့်တဲ့ အခါ internet explorer က
အဲဒီ ဖိုင်တွေကို ဒေါင်းလုပ် လုပ်ရတဲ့အတွက် အတက်နှေးသလို ဖြစ်နေပါတယ်။
eot file တွေရဲ့ အဓိက ရည်ရွယ်ချက်က ဇော်ဂျီ မြန်မာစာဖောင့် မသွင်းထားတဲ့ စက်တွေမှာ
ကျွန်တော်တို့ ဘလော့ခ်ကို ဖွင့်တဲ့အခါ မြန်မာလို တန်းခနဲ မြင်အောင်လို့ပါ။
အခုလက်ရှိကျွန်တော်သိသလောက်ကတော့ မြန်မာမိတ်ဆွေတွေရဲ့ စက်တိုင်းလိုလိုမှာ
ဇော်ဂျီဖောင့်က သွင်းထားပြီးသား ဖြစ်နေပြီလေ။
ဒါကြောင့် eot file ဒေါင်းလုပ် လုပ်နေရာတဲ့ အပိုင်းကို ကျွန်တော့်ဘလော့ခ်မှာ ဖြုတ်ပါတော့မယ်။
နောက်ပြီး...ကျွန်တော့်ဘလော့ခ်ကို အသွင်သစ် အမြင်သစ်နဲ့ ပုံစံပြောင်းဖို့ ကြိုးစားကြည့်ပါဦးမယ်။
အလုပ်တစ်ဖက်နဲ့ ဆိုတော့ အချိန်က တစ်ခါတစ်လေ မရဘူးလေ။
ဒီကြားထဲ ပျင်းတတ်တာက ပိုဆိုး။

No comments:

Thanks!!!

Blog Archive