Friday, September 19, 2008

Ways to success and gain


လွန်ခဲ့တဲ့ ၂ နှစ်က
ကျွန်တော်ရဲ့ဦးလေးတစ်ဦး ကျွန်တော်တို့နေတဲ့မြို့ကို လာလည်ပါတယ်။
သူက ရန်ကုန်မြို့ရှိ နာမည်ကြီးသော ပုဂ္ဂလိကဆေးရုံကြီးတစ်ခုရဲ့ MD ပါ။




သူနဲ့တွေ့တုန်း ကျွန်တော်သိချင်တာလေးတွေ မေးလိုက်ပါတယ်။

ဦးလေး...အောင်မြင်ကြီးပွားသူတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။

သူက ခဏငြိမ်သွားပြီး၊ ကျွန်တော့်အမေးကို သေသေချာချာသုံးသပ်ပါတယ်။
ပြီးတော့ ဖြည်းဖြည်းချင်းပြန်ဖြေပုံက

အဓိကက ဖြစ်ချင်တဲ့ စိတ်ရှိရမယ်။ အောင်မြင်ကြီးပွားလိုစိတ်တဲ့။
အလုပ်လုပ်တဲ့အခါ စေတနာထားပြီးလုပ်တတ်ဖို့လိုတယ်။ ရိုးသားပြီး သစ္စာရှိရမယ်။
သူများတွေ အေးအေးဆေးဆေးနဲ့ အနားယူနေချိန်မှာ ကိုယ်က အချိန်ရရင် ရသလောက်
အလုပ်ကိစ္စနဲ့ ပတ်သက်ပြီးစူးစမ်းလေ့လာ ပညာယူရမယ်။
အလုပ်နဲ့ဆက်နွယ်ပြီး ရေရှည်မှာခံစားရမယ့် အကျိုးကိုကြည့်တတ်ရမယ်။
ဒါကြောင့် လက်ရှိအနေအထားအရ အနစ်နာခံသင့်ရင်ခံရမယ်။
အလုပ်ထဲမှာ အချင်းချင်းမပြေလည်ညီညွတ်မှူမရှိသူတွေထဲမှာမပါဘဲ မျှမျှတတလုပ်တတ်ဖို့နဲ့
ပြဿနာဖြစ်ရင် ၀င်ရောက်ဖြန်ဖြေပေးတတ်ဖို့လိုတယ်။

နောက်ပြီးတော့
သာမာန်လခစားဘ၀နဲ့ ကျေနပ်နေလို့မဖြစ်ဘူး။
ကိုယ်ပိုင်လုပ်ငန်းမျိုးထူထောင်နိုင်ဖို့ ကြိုးစားရမယ်။
စီးပွားရေးလုပ်ငန်းလုပ်ပြီဆိုရင် အပြိုင်အဆိုင်တွေရှိလာမယ်။
သူများပြိုင်တိုင်း လိုက်မပြိုင်နဲ့။ ကိုယ့်ဘာသာကိုယ် ကောင်းအောင်မှန်အောင်ကြိုးစား။

ခဏနေတော့ သူက သူ့လက်ပတ်နာရီကိုပြတယ်။
ဒီနာရီက မြန်မာငွေနဲ့တွက်ရင် သိန်းဂဏန်းပဲတဲ့။
ဒါပေမယ့် အခုပတ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး။
ပစ္စည်းကဟောင်းသွားတော့ ၀ယ်တုန်းကဈေးကိုဘယ်သူမှ
အလေးအနက်မထားတော့ဘူးတဲ့။
မလိုအပ်သေးဘဲ ပစ္စည်းအသစ်မ၀ယ်နဲ့ဦး
လို့ ...ဆုံးမပါတယ်။

ကျွန်တော့်မေးခွန်းက တစ်ခွန်းထဲ
သူပြန်ဖြေတာတွေက အများကြီး
တကယ်လိုက်နာရင်တော့.....

5 comments:

Anonymous said...

Discount RX Pharmacy - Cialis, Viagra, Levitra, Tamiflu. Get Cheap Medication online. Buy Pills Central.
[url=http://buypillscentral.com/]Get Discount Viagra, Cialis, Levitra, Tamiflu[/url]. rx generic pills. Top quality medications pharmacy

Anonymous said...

When you body Viagra or some other meds in our research you may be sure buy Cialis Online that this product single of best grade will be delivered to you positively in time.

Anonymous said...

any more posts coming ?

Anonymous said...

engage programmers hostility ppbr adopters examined berks elbs continues prose usability
lolikneri havaqatsu

Anonymous said...

Also that we would do without your remarkable phrase

Thanks!!!

Blog Archive