Sunday, March 18, 2007

Before u go to overseas


ပညာရပ်ပိုင်းဆိုင်ရာတစ်ခုခုနဲ့ အလုပ်လုပ်ချင်သူများအတွက် ပြောတာပါ။
ဘာမှ အစီအစဉ်မရှိဘူး
ဘာအလုပ်ပဲဖြစ်ဖြစ် ရရာအလုပ်ပဲလုပ်သွားမယ်ဆိုရင်တော့ သဘောပဲလေ။
သူငယ်ချင်းများနိုင်ငံခြားမထွက်မီ
နိုင်ငံတကာအသိအမှတ်ပြု certified လက်မှတ် တစ်ခုခု သို့မဟုတ်
နိုင်ငံတကာအသိအမှတ်ပြုဘွဲ့လက်မှတ်တစ်ခုခု ရပြီးမှ ပြည်ပထွက်ပါ။
နောက်တစ်ခုက Language ပါ။ ကိုယ်ကဘယ်ကိုသွားဖို့ အစီအစဉ်ရှိလဲ။
သွားမယ့်နိုင်ငံရဲ့ အဓိကသုံးတဲ့ ဘာသာစကားကို သေချာစွာလေ့လာပါ။
သူတို့စကားပြောတာကို နားလည်တဲ့ အဆင့် ၊
ပြန်ပြောတတ်တဲ့ အဆင့် ထိသေချာစွာလေ့လာပါ။
ဂျပန် ကိုရီးယား တရုတ် စတဲ့နိုင်ငံတွေက သူတို့ဘာသာ မှ သူတို့ဘာသာပဲ။
အင်္ဂလိပ်လို သိပ်မသုံးပါ။
အဲဒီနိုင်ငံတွေက Computer OS တွေ Software တွေ Progarm တွေ
အားလုံးဟာ သူတို့ ဘာသာစကားကိုပဲအဓိကသုံးပါတယ်။
အခေါ်အဝေါ်တွေ အသုံးအနှုံးတွေ အားလုံး ဒီအတိုင်းပဲ။
နောက်ပြီး ကိုယ်သွားမယ့်နိုင်ငံရဲ့ immigration policy နဲ့
work permit အလုပ်လုပ်ခွင့်ဗီဇာကို သေသေချာချာလေ့လာပြီး သိပြီးမှ သွားပါ။


No comments:

Thanks!!!

Blog Archive