I lost my job
ဟုတ်ကဲ့ခင်ဗျ။
မုန့်ဟင်းခါးဆိုင်မှာ သုံးရက်သာ လုပ်ပြီးနောက် အလုပ်ပြုတ်သွားပါတယ်။
သူတို့ဆိုင်က သိပ်ရောင်းမကောင်းဘူးလေ။
မလုပ်တတ်မကိုင်တတ်သူ တစ်ယောက်ကို ခေါ်ထားပြီး
လစာပေးထားဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။
သုံးရက်စာ လခ ရပါတယ်။
မြန်မာငွေနဲ့တွက်ကြည့်ရင် ခြောက်သောင်းပေါ့။
ဒါပေမယ့် သူများနိုင်ငံမှာက စရိတ်စကကြီးတယ်။
အဲဒီပိုက်ဆံလောက်နဲ့ ဆိုရင် ခဏလေးနဲ့ကုန်ရောဗျ။
အစက ရည်ရွယ်တာက
လစာလေးကောင်းကောင်းရရင်........
အမေ့ဆီ ပိုက်ဆံပို့မယ်။
နောက်ပြီး အဖိုးအဖွားတွေ အတွက်ရည်စူးပြီး
ီဇီဝိတဒါနဆေးရုံမှာ ငွေပဒေသာပင်ဖြစ်ဖြစ် လှူမလားလို့ပါ။
1 comment:
စိတ်မကောင်းပါဘူး..သားသားရယ်..
လောကဆိုတာ ဒီလိုပါပဲ...
ဘာပဲဖြစ်ဖြစ် တစ်နေ့အောင်မြင်မှာပဲ မျှော်လင့်ချက်လေးတော့ထားလိုက်ပါ...>
ဒါဆို အောင်မြင်လာမှာပါ...
ကြိုးစားလိုက်ပါ သားသားရယ်...
Post a Comment