Tuesday, April 3, 2007

Return to me



တန်ပြန် ကံတရား



ကျွန်တော်သည် အရင်ဘ၀က စက်ရုံ အလုပ်ရုံပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သော
သူဌေးကြီး တစ်ဦး ဖြစ်ခဲ့ဟန်တူပါသည်။
ထိုဘ၀က ကျွန်တော် မကြိုက်သော အလုပ်သမားများကို အစုလိုက် အပုံလိုက်
အလုပ်ထုတ်ခဲ့ဟန် တူပါသည်။
ဒါကြောင့် အခု အလုပ်ကောင်းကောင်းမွန်မွန် မရသေးပါ။

ကျွန်တော်သည် အရင်ဘ၀က သြဇာအာဏာကြီးသော ပြည့်ရှင်မင်းကြီး တစ်ပါး
ဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော ပြည်သူပြည်သားများကို အစုလိုက် အပုံလိုက်
မောင်းထုတ်ခဲ့ဟန် တူပါသည်။
ဒါကြောင့် အခု နေထိုင်ရာ အတည်တကျ မရှိသေးပါ။

ကျွန်တော်သည် အရင်ဘ၀က ရဲရင့်ခက်ထန်သော စစ်သူကြီး တစ်ဦး
ဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော ရန်သူများကို အစုလိုက် အပုံလိုက
်ပိတ်ညှပ်တိုက်ခိုက်ခဲ့ဟန် တူပါသည်။
ဒါကြောင့် အခု ပျော်ရွှင်လွတ်လပ်သော ဘ၀မျိုး မရသေးပါ။

ကျွန်တော်သည် အရင်ဘ၀က အလွန်ထင်ရှားသော ပညာရှင်ကြီး တစ်ဦး
ဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော တပည့်များကို အစုလိုက် အပုံလိုက်
ပညာရေး နှောင့်နှေးအောင် လုပ်ခဲ့ဟန်တူပါသည်။
ဒါကြောင့် အခု လိုသောပညာ မရသေးပါ။

ကျွန်တော်သည် အရင်ဘ၀က အလွန်ဆိုးသော ၀န်တိုတတ်သူ တစ်ဦး
ဖြစ်ခဲ့ဟန်တူပါသည်။
ထို ဘ၀က ကျွန်တော် မကြိုက်သော စုံတွဲများကို အစုလိုက် အပုံလိုက်
ကွဲကွာလွမ်းဆွေးအောင် လုပ်ခဲ့ဟန်တူပါသည်။
ဒါကြောင့် အခု ကျွန်တော်............။ ။


1 comment:

Unknown said...

I choose this post for myanmar blog book. :) hope np for u too.

Thanks!!!

Blog Archive